ViVo Y15 ကို နည်းလမ်းစုံလို့ dead နေသေးတယ်ဆိုရင် ဒီ ViVo Y15 Emmc data ကို samusng B309 8Gb EMMC ထဲကို (ufi box) any box ဖြင့် write လုပ်ပြီး ဖုန်းမှပြန်ကပ်ပါ။ တစ်ခါတည်းတော့ စက်မနိုးပါဘူး။ sp flasht tool ဖြင့်ပြန် flash မယ်ဆို 4023 ဆိုလား အဲError ပြနိုင်ပါတယ်။ 4023 erro ပြလည်း UFI box နဲ့ ပြန် flash ပါ။ မရရင်လည်း Micracle Box ဖြင့် ပြန်flash ပါ။ Emmc တပ်ပြီးလို့ supply မှာ နှစ်စိတ်လောက်ရပ်နေမယ်ဆို သေခြာပေါက် ပြန်နိုးပါတယ်။ EMMC data write နေတုန်း UFI box မှ boot size နဲ့ CID ချိန်းခိုင်းရင် အောင်မြင်အောင်ချိန်းပေးလိုက်ပါ။
Friday, November 17, 2017
Tuesday, January 24, 2017
Mobile Phone တွေရဲ့ Power Management IC
PHONE SERVICE AND REPAIRING 11:16 AM Huawei Hardware Tutorial No comments
- DC to DC conversion
- Battery charging
- Power-source selection
- Voltage scaling
- Power sequencing စသည်တို့ဖြစ်သည်။
DC to DC conversion
Mobile Phone ၏ Battery တွက် Volt အား 4.7v ရှိသည်ဖြစ်သော်လည်း EMMC IC သည် 3.3v သာလိုအပ်သည်ရှိသော Power Source ဖြစ်သော Battery 4.7v မှ Load ဖြစ်သော EMMC 3.3v သို့ပြောင်းလဲးထုတ်လွတ်ပေးခြင်းများကို DC to DC conversion လုပ်သည်ဟုခေါ်သည်။Battery Charging
Mobile Phone Battery များသည် အားကုန်ခမ်းသွားသော် အားပြန်သွင်းယူနိုင်ကြသော်လည်း Charging System မမှန်ကန်သော်လျှပ်စစ်ပတ်လမ်းဖြင့် အားပြန်သွင်းသော် Battery သည် ဖောင်းကားလာပြီးပေါက်ကွဲသွားမည်ဖြစ်သည်။ ထိုအန္တရာယ်ကို ကာကွယ်ပေးသည်မှာလည်း PMU IC ပင်ဖြစ်နေပါသည်။ ထိုအတွက်ကြောင့် Battery အားမခံသော၊ ဖောင်းကားသော error များကို PMU အသစ်လဲးပေးခြင်းဖြင့်သာဖြေရှင်းနိုင်သည်။Power-source selection
Volt အားပမာဏများစွာကို အခန်းကိုယ်စီကိုယ်စီဖြင့် PMU IC ထဲတွင် အခန်းဖွဲ့ကန့်သတ်သိုလှောင်ပးထားသည်။ အခြားသော IC များသည် ၎င်းတို့လိုအပ်သော Volt အားပမာဏကို ထို့သက်ဆိုင်ရာအခန်းများမှရွေးချယ်ယူသုံးခြင်းကို Power-Source selection ဟုခေါ်သည်။Voltage Scaling
Electric Power ကို ပေးသူနှင့်ယူသူများကြား အဆင်ပြေအောင်ထိန်းကြောင်းပေးသောလုပ်ငန်းစဉ်ကို Voltage Scaling လို့ခေါ်ပါသည်။ ဥပမာ Phone တစ်လုံး၏ Battery အားပြည့်နေသော် Touch Screen ၏အလင်းအားကို များစွာမြင့်တင်နိုင်သော်လည်း Battery အားနည်းနေချိန်တွင် အလင်းအားတင်မရအောင်း ထိန်းကြောင်းပေးနေခြင်းမျိုးကို Voltage Scaling လုပ်သည်ဟုခေါ်သည်။Power sequencing
Battery တစ်လုံးတွင် 5v ပမာဏရှိသည့်ယူဆထားပါ။ ၎င်း 5v တစ်ခုတည်းကို 0.1v မှ 4.9လ အထိမြောက်များစွာသော volt အားများထွက်ပေါ်စေခြင်းကို Power sequencing လုပ်သည်ဟုခေါ်သည်။Electronic Knowledges For All
Electricity
Electric Charge (လျှပ်စစ်ဓါတ်မှုန်) များ ပါဝင်ပတ်သတ်နေသော ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုကို Electricity (လျှပ်စစ်) လိုခေါ်ဆိုပါသည်။Electric Charge
Electric Charge သည် Positive Charge (အပေါင်းလျှပ်စစ်မှုန်) နှင့် Negative Charge (အမလျှပ်စစ်မှုန်) တစ်ခုခုဖြစ်နေနိုင်ပါသည်။Electric Field (လျှပ်စစ်စက်ကွင်း)
Electric Charge များ တည်ရှိသော နေရာပတ်ဝန်းကျင်တွင် Electric Field များဖြစ်ပေါ်နေကြသည်။Electric Current (လျှပ်စစ်စီးကြောင်း)
Electric Charge များ ဦးတည်သွားနေသောလမ်းကို Electronic Current လို့ခေါ်ပါသည်။ လက်တွေ့တိုင်းတာမှုပြုလုပ်ရာတွင် Current အနည်းအများ၊ အကြီးအသေးပမာဏကို Ampere ယူနစ်ဖြင့်တိုင်းတာပြောဆိုသည်။Magnetic Field (သံလိုက်စက်ကွင်း/တွန်းဆွဲစက်ကွင်း)
Electric Current လမ်းကြောင်းတစ်လျှောက်တွင် Magnetic Field များဖြစ်ပေါ်လာပါသည်။ ထို့ဖြစ်ပေါ်လာခြင်းကို Electromagnetic induction (လျှပ်ညို့ခြင်း) ဟုခေါ်သည်။Electric Potential or Volt (လျှပ်စစ်အား)
electric charge များ တစ်ခုနှင့်တစ်ခုတွန်းကန်ခြင်း၊ ဆွဲငင်းခြင်း များဖြစ်ပေါ်စေရန် Electric Charge များသည် Work ကို ကိုယ်စီစိုက်ထုတ်ကြရသည်။ ထိုသို့စိုက်ထုတ်လုပ်ဆောင်သော Work ကို Electric Potential ဟု ခေါ်ပါသည်။ လက်တွေ့တွင် Electric Potential ကို တိုင်းတာမူပြုလုပ်ရာတွင် ပမာဏတန်ဖိုးကို Volt ယူနစ်ဖြင့် ဖေါ်ပြကြသည်။
Saturday, January 21, 2017
Wednesday, January 11, 2017
Huawei G610 U00 Power Section ဒုတိယပိုင်း
Pone တစ်လုံး Operating System ခေါ် Firmware လုပ်ဆောင်ချင်တက်လာဖို့ တစ်နည်း Power ပွင့်လာဖို့ အရေးကြီးဆုံးသောအချက်သည့် PMU IC မှ အထွက် Volt အားများမှန်ကန်စွာထွက်ရှိနေပြီး၊ CPU နှင့် EMMC IC တို့တွင် ပြစ်ချက်ကင်းနေရပါမည်။ ထို့ကြောင့် Power Management Unit IC ဖြစ်သော PMU IC မှ CUP IC သို့ သွားသော အထွက် Volt လမ်းကြောင်း 2 ကြောင်းနှင့် EMMC သို့သွားသေ Volt လမ်းကြောင်း 2 ကြောင်းသည် အဓိကလိုအပ်ပါသည်။
CPU နှင့် PMU IC သို့သွားသော လမ်းကြောင်းနှစ်ကြောင်းမှာ VPROC လမ်းကြောင်းနှင့် VCORE လမ်းကြောင်းတို့ဖြစ်သည်။ EMMC သို့သွားသောလမ်းကြောင်းနှစ်ကြောင်းမှာ VM လမ်းကြောင်းနှင့် VSRAM လမ်းကြောင်းတို့ဖြစ်သည်။ Huawei G610 U00 တွင်
၁။ PMU IC မှ CPU အတွက် VPROC သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L201 နှင့် Capacitor ဖြစ်သော C222 တို့တွင် PMC မှ အထွက် Volt 1.5 V ခန့်ကို Power Key နှိပ်ထားချိန်တွင် တွေ့ရပါမည်။
၂။ PMU IC မှ CPU အတွက် VCORE သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L202 နှင့် Capacitor ဖြစ်သော C223 တို့တွင် Voltage 1.05v နီးပါးကို Power Key နှိပ်ထားချိန်တွေ့မြင်ရပါမည်။
၃။ PMU IC မှ EMMC အတွက် VM သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L203 နှင့် Capacitor ဖြစ်သော C224 တို့တွင် PMC မှ အထွက် Volt 1.2 V ခန့်ကို Power Key နှိပ်ထားချိန်တွင် တွေ့ရပါမည်။ VM ဆိုသည်မှာ DDR1,2,3 ကိုရည်ညွန်းထားပါသည်။ Operating System Data များ ထိန်းသိမ်းထားသော EMMC ၏ storage အခန်းဖြစ်သည်။
၎။ PMU IC မှ EMMC အတွက် VSRAM သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L205 နှင့် Capacitor ဖြစ်သော C225 တို့တွင် PMC မှ အထွက် Volt 1.15 V ခန့်ကို Power Key နှိပ်ထားချိန်တွင် တွေ့ရပါမည်။ VSRAM ဆိုသည်မှာ internal storale(4Gb, 8Gb, 16GB, etc.,) ကိုရည်ညွန်းထားပါသည်
CPU နှင့် PMU IC သို့သွားသော လမ်းကြောင်းနှစ်ကြောင်းမှာ VPROC လမ်းကြောင်းနှင့် VCORE လမ်းကြောင်းတို့ဖြစ်သည်။ EMMC သို့သွားသောလမ်းကြောင်းနှစ်ကြောင်းမှာ VM လမ်းကြောင်းနှင့် VSRAM လမ်းကြောင်းတို့ဖြစ်သည်။ Huawei G610 U00 တွင်
၁။ PMU IC မှ CPU အတွက် VPROC သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L201 နှင့် Capacitor ဖြစ်သော C222 တို့တွင် PMC မှ အထွက် Volt 1.5 V ခန့်ကို Power Key နှိပ်ထားချိန်တွင် တွေ့ရပါမည်။
၂။ PMU IC မှ CPU အတွက် VCORE သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L202 နှင့် Capacitor ဖြစ်သော C223 တို့တွင် Voltage 1.05v နီးပါးကို Power Key နှိပ်ထားချိန်တွေ့မြင်ရပါမည်။
၃။ PMU IC မှ EMMC အတွက် VM သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L203 နှင့် Capacitor ဖြစ်သော C224 တို့တွင် PMC မှ အထွက် Volt 1.2 V ခန့်ကို Power Key နှိပ်ထားချိန်တွင် တွေ့ရပါမည်။ VM ဆိုသည်မှာ DDR1,2,3 ကိုရည်ညွန်းထားပါသည်။ Operating System Data များ ထိန်းသိမ်းထားသော EMMC ၏ storage အခန်းဖြစ်သည်။
၎။ PMU IC မှ EMMC အတွက် VSRAM သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L205 နှင့် Capacitor ဖြစ်သော C225 တို့တွင် PMC မှ အထွက် Volt 1.15 V ခန့်ကို Power Key နှိပ်ထားချိန်တွင် တွေ့ရပါမည်။ VSRAM ဆိုသည်မှာ internal storale(4Gb, 8Gb, 16GB, etc.,) ကိုရည်ညွန်းထားပါသည်
Monday, January 9, 2017
Hardware ပြုပြင်ရာတွင် သတိထားရမည့် Hot gun Temperature
PHONE SERVICE AND REPAIRING 6:56 AM Huawei Hardware Tutorial No comments
တကယ်တော့ ကျွန်တော်တို့သုံးနေတဲ့ ခဲဆက်ရာမှာသုံးတဲ့ ခဲခွေတွေက ခဲသီးသန့်းမဟုတ်ပါဘူး။ သံဖြူပျော့နဲ့စပ်ထားပါသေးတယ်။ ခဲသီးသန့်(lead-free) ရဲ့ Melting Point က ၃၂၇.၅ ဒီကရီ ဆဲစီရပ် ဖြစ်ပါတယ်။ သံဖြူရောထားတဲ့ခဲတွေက ၃၅၀ ကနေ ၄၅၀ Degree Celsius အတောအတွင်းမှ အရည်ပျော်မှာပါ။ အပူ 450 Degree Celsius ကတော့ Mobile Phone အတွက်မလာလောက်ပါဘူးဗျာ။ ဒါကြောင့် Quick 2008 လို့ Hot gun မှာ 200, 300, 400 ဆိုပြီး Temperature သုံးမျိုးပါလာတတ်ပါတယ်။ 200 တော့ Touch တွေ LCD တွေ ဖြုတ်တပ်ရာမှာသုံးဖို့ပါ။ 300 ကတော့ IC တွေ ပြန်တပ်ဖို့နဲ့၊ 400 တော့ IC တွေဖြုတ်ဖို့နဲ့ Hard Soldering အတွက်အရေးပေါ်သုံးဖို့ပါ။ 400 နဲ့ ဖြုတ်ထားတဲ့ IC နဲ့ အခြား component တွေကတော့ ပြန်အသုံးပြုလို့ရခဲပါတယ်။ ထူးခြားတာက Capacitor, Diode, တွေက အပူချိန် ၁၀၀၀ ဒီဂရီဆဲစီရပ်ကျော်မှာ ထုတ်လုပ်ထားကျတော့ Hot Gun အပူ ၄၀၀ ကိုတော့ သူမဖြုန်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မြို့မှက နေခင်းဘက်ဆို အိမ်မီးအ၀င်က ၅၀ v တောင်မပြည့်တော့ Hot Gun တွေက အပူအမှန်မထွက်ပါဘူး။ Hot Gun တွေက အ၀င် ၂၂၀ v ရှိမှသာ Temperature အမှန်ထွက်ပါတယ်ဆိုတဲ့အကြောင်းတော့အသတိထားပါ။ CPU, EMMC, PMU စသည့် IC အကြီးတွေကို ပြန်တပ်ရာမှ Temperature ၃၇၀, အကွာအဝေး လက် ၂ လုံး နဲ့ အချိန် ၄၀ စက္ကန့်လောက်ကအကောင်းဆုံထင်ပါတယ်။ IC ပြန်တပ်မယ်ဆို အခြေကို ခဲရှင်းကြိုး၊ ထင်ရှူးဆီများများနဲ့ ညီပြီပြောင်နေအောင်ရှင်းထားပါ။ IC ရော Circuit ပြားရော သန့်စင်ခြောက်သွေ့သွားအောင် တင်နာရည်ဖြင့်ဆေးကြောသုတ်ပါ။ ခြောက်နေတဲ့ Circuit ပြားပေါ် IC ကို တည့်အောင်တင်ထားပြီးရင် ဘေးက အခြားအရာတွေကိုအပူကာသင့်ကာထားပြီး Hot Gun ဖြင့် 10s လောက်အပူပေးရင် IC နဲ့ Circuit ပြားကပ်လောက်ပြီးထင်ရင် ထင်းရှူးဆီများများထဲပြီး နောက်ထပ် 30s လောက်အပူပေးပါ။ ထင်းရှူးဆီက IC ခဲဘောတွေကို အခြေပင်းပြောက်တွေနဲ့ တည့်သွားစေနိုင်ပါတယ်။
ပလက်စတစ်ဖြစ်သော Sim အထိုင်၊ Battery ငုတ်တွေကို အပူ ၂၇၀ သို့မဟုတ် ၂၈၀ လောက်နဲ့ဖြတ်လို့ရပါတယ်။ ဒါပေမယ် သူတို့ကိုဖြုတ်ဖို့ဆိုရင် Hot Gun အပူ ၄၀၀ လောက်နဲ့ လက်လေးလုံး ( ၂ လက်မ) အကွာလောက်ကနေ အချိန်တော်တော်ကြာပေးပြီးဖြုတ်တာကပိုစိတ်ချရပါတယ်။ ထင်းရှူှးဆီကတော့ များများအိုင်ခိုင်းထားပေါ့ဗျာ။ ဆက်ဖော်ပြပေးပါဦးမည်။