နုတ်ခွန်းလွှာ
Phone Hardware and Software Service လောကထဲကို အခြေချအသက်မွေးဝမ်းကြောင်းတော့မယ့် ညီငယ်ညီမငယ်များကို စေတနာများဖြင့် အောက်ပါအမှာစကားများကို သေချာစွာမှတ်သားထားစေချင်ပါသည်။ Mobile Phone များသည် Electronic ပစ္စည်းများဖြစ်သည်နှင့်အညီ ညီငယ်ညီမငယ်တို့အနေဖြင့် Electronic အသိပညာကိုတော့ မသိမနေသိထားအပ်ပေသည်။ အနည်းဆုံး မြန်မာကျောင်းစာအုပ်တွင် ၁၀ တန်းစာအုပ်ထဲတွင်ပါဝင်သော Electronic သင်ခန်းစာများကို နာလည်းထားရပါမည်။ Electronic ပစ္စည်းများ၏ လုပ်ငန်းတာဝန်များကိုသိရှိထားရန်အလွန်အရေးကြီးလှပေသည်။ Phone ပြုပြင်ရာတွင် အသုံးပြုသော Repair Tool များကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုတတ်ရန်လေးကျင့်ထားရပါမည်။ ၀ါရင့်သဘာရင် ဆရာကြီးများထံမှ နည်းပညာများကို အမြဲမပျက်ဆည်းပူးလေ့လာနေရပါမည်။ အဆင့်တူ Service လောကသားများကိုလည်း လေးစားနေရပါမည်။ ပညာမာန်ကိုမထောင်းလွှာအပ်ပေ။ ဆရာသမားတို့၏ စေတနာကို မစော်ကားရန်ကာအရေးကြီးလှပေသည်။ Phone Service များလေးကျင်ရာတွင် ငွေအမြောက်အများ ကုန်ဆုံးမည်ဖြစ်ပါသောကြောင့် Service ကြေးကိုထိန်းသိမ်းလိုက်နာရမည်။ ဥပမာ ကျွန်တော်သည် Emmc, PMU IC, CPU IC များလဲတပ်ဖြုတ်တတ်ရန် EMMC အလုံးပေါင်း ၂၀ ကျော်ခန့်ပင်ဆုံးရှုံးခဲ့ရပါသည်။ EMMC IC တစ်လုံးသည် 7000 ကျပ်လောက်ဝယ်ယူရပါသည်။ Phone Service သမားဖြစ်ချင်လျှင် နည်းပညာလေ့လာရေးတွင် ရူးသွပ်မူကြီးမားမှသာလျှင်တတ်မြောက်အောင်မြင်မည်ဖြစ်ပါကြောင်းတိုက်သွန်းလိုက်ပါသည်။
0 comments:
Post a Comment