CPU နှင့် PMU IC သို့သွားသော လမ်းကြောင်းနှစ်ကြောင်းမှာ VPROC လမ်းကြောင်းနှင့် VCORE လမ်းကြောင်းတို့ဖြစ်သည်။ EMMC သို့သွားသောလမ်းကြောင်းနှစ်ကြောင်းမှာ VM လမ်းကြောင်းနှင့် VSRAM လမ်းကြောင်းတို့ဖြစ်သည်။ Huawei G610 U00 တွင်
၁။ PMU IC မှ CPU အတွက် VPROC သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L201 နှင့် Capacitor ဖြစ်သော C222 တို့တွင် PMC မှ အထွက် Volt 1.5 V ခန့်ကို Power Key နှိပ်ထားချိန်တွင် တွေ့ရပါမည်။
၂။ PMU IC မှ CPU အတွက် VCORE သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L202 နှင့် Capacitor ဖြစ်သော C223 တို့တွင် Voltage 1.05v နီးပါးကို Power Key နှိပ်ထားချိန်တွေ့မြင်ရပါမည်။
၃။ PMU IC မှ EMMC အတွက် VM သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L203 နှင့် Capacitor ဖြစ်သော C224 တို့တွင် PMC မှ အထွက် Volt 1.2 V ခန့်ကို Power Key နှိပ်ထားချိန်တွင် တွေ့ရပါမည်။ VM ဆိုသည်မှာ DDR1,2,3 ကိုရည်ညွန်းထားပါသည်။ Operating System Data များ ထိန်းသိမ်းထားသော EMMC ၏ storage အခန်းဖြစ်သည်။
၎။ PMU IC မှ EMMC အတွက် VSRAM သို့သွားသော အထွက်လမ်းကြောင်းရှိမရှိကို Coil ဖြစ်သော L205 နှင့် Capacitor ဖြစ်သော C225 တို့တွင် PMC မှ အထွက် Volt 1.15 V ခန့်ကို Power Key နှိပ်ထားချိန်တွင် တွေ့ရပါမည်။ VSRAM ဆိုသည်မှာ internal storale(4Gb, 8Gb, 16GB, etc.,) ကိုရည်ညွန်းထားပါသည်
0 comments:
Post a Comment