Mobile Phone များတွင် ပါဝါအိုင်စီသည် အရေးကြီးသောပစ္စည်းတစ်ခုဖြစ်သည်။ ၎င်း ပါဝါအိုင်စီကို power management ICs or PMICs or PMU or Power IC စသည်ဖြင့်သာခေါ်ဆိုကြသည်။ Power IC ဆိုသည်မှာ Voltage နှင့် Current ပမာဏကို ထိန်းကြောင်းစီမံပေးသော IC ဖြစ်ပါသည်။ Mobile Phone တစ်လုံးသည် မတူညီသော Volt အားပမာဏတန်းဖိုးများလိုအပ်ပါသည်။ ဥပမာ Charging အတွက် 4.7v ခန့်၊ CPU IC အတွက် 1.2v, 1.8v ခန့်၊ EMMC IC အတွက်ဆို 3.3v, 3.0v, 1.2v, 2.2v နှင့် 2.8v၊ အသံပိုင်းအတွက်ဆိုလျှင် 1.8v, 2.2v, 2.8v စသည့်ဖြင့် မတူညီသော Volt အားအသီးသီးလိုအပ်ပါသည်။ ထို့ကြောင့် 4.7, 3.3, 3.0, 2.8, 2.2, 1.8, 1.2 စသည် ပမာဏအတိုင်းရှိရမည့် အနည်းဆုံး Battery (7) လုံးခန်းလို့အပ်နေမည်။ ထိုမျှများပြားလှသော Battery များ တပ်ဆင်ထားမည်ဆို သင်ကိုင်ထားသော Mobile Phone အရွယ်သည်အိတ်ဆောင်အရွယ်မဖြစ်နိုင်တော့သောကြောင်း PMU ကိုကြံဆတီထွင်အသုံးပြုခဲ့ကြပါသည်။ Mobile Phone ပြင်ဆင်သူတစ်ယောက်အနေဖြင့် အောင်ပါ PMU IC ၏ လုပ်ဆောင်ချက်ကိုသိထားရပါမည်။ ၎င်းလုပ်ဆောင်ချက်များမှာ -
DC to DC conversion
Battery charging
Power-source selection
Voltage scaling
Power sequencing စသည်တို့ဖြစ်သည်။
DC to DC conversion
Mobile Phone ၏ Battery တွက် Volt အား 4.7v ရှိသည်ဖြစ်သော်လည်း EMMC IC သည် 3.3v သာလိုအပ်သည်ရှိသော Power Source ဖြစ်သော Battery 4.7v မှ Load ဖြစ်သော EMMC 3.3v သို့ပြောင်းလဲးထုတ်လွတ်ပေးခြင်းများကို DC to DC conversion လုပ်သည်ဟုခေါ်သည်။
Battery Charging
Mobile Phone Battery များသည် အားကုန်ခမ်းသွားသော် အားပြန်သွင်းယူနိုင်ကြသော်လည်း Charging System မမှန်ကန်သော်လျှပ်စစ်ပတ်လမ်းဖြင့် အားပြန်သွင်းသော် Battery သည် ဖောင်းကားလာပြီးပေါက်ကွဲသွားမည်ဖြစ်သည်။ ထိုအန္တရာယ်ကို ကာကွယ်ပေးသည်မှာလည်း PMU IC ပင်ဖြစ်နေပါသည်။ ထိုအတွက်ကြောင့် Battery အားမခံသော၊ ဖောင်းကားသော error များကို PMU အသစ်လဲးပေးခြင်းဖြင့်သာဖြေရှင်းနိုင်သည်။
Power-source selection
Volt အားပမာဏများစွာကို အခန်းကိုယ်စီကိုယ်စီဖြင့် PMU IC ထဲတွင် အခန်းဖွဲ့ကန့်သတ်သိုလှောင်ပးထားသည်။ အခြားသော IC များသည် ၎င်းတို့လိုအပ်သော Volt အားပမာဏကို ထို့သက်ဆိုင်ရာအခန်းများမှရွေးချယ်ယူသုံးခြင်းကို Power-Source selection ဟုခေါ်သည်။
Voltage Scaling
Electric Power ကို ပေးသူနှင့်ယူသူများကြား အဆင်ပြေအောင်ထိန်းကြောင်းပေးသောလုပ်ငန်းစဉ်ကို Voltage Scaling လို့ခေါ်ပါသည်။ ဥပမာ Phone တစ်လုံး၏ Battery အားပြည့်နေသော် Touch Screen ၏အလင်းအားကို များစွာမြင့်တင်နိုင်သော်လည်း Battery အားနည်းနေချိန်တွင် အလင်းအားတင်မရအောင်း ထိန်းကြောင်းပေးနေခြင်းမျိုးကို Voltage Scaling လုပ်သည်ဟုခေါ်သည်။
Power sequencing
Battery တစ်လုံးတွင် 5v ပမာဏရှိသည့်ယူဆထားပါ။ ၎င်း 5v တစ်ခုတည်းကို 0.1v မှ 4.9လ အထိမြောက်များစွာသော volt အားများထွက်ပေါ်စေခြင်းကို Power sequencing လုပ်သည်ဟုခေါ်သည်။
0 comments:
Post a Comment